နေပြည်တော် နိုဝင်ဘာ ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မာစေရေးနှင့် Online နည်းပညာများ ကောင်းမွန်စွာ အသုံးပြုတတ်စေရန် ရည်ရွယ်၍ ဝန်ထမ်းများအား လုပ်ငန်းခွင်လေ့ကျင့်ရေးပညာပေးသင်တန်းကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာန(Community Center)၌ ကျင်းပသည်။
အဆိုပါသင်တန်းတွင် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး(တာဝန်ပေး) ဒေါ်ခင်မာဖြူက သင်တန်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး နေပြည်တော်အတွင်းရှိ အရာထမ်း၊ အမှုထမ်းများအား File များကို Zip File ချုံခြင်း၊ ဖြည့်ခြင်း၊ Zip File Password ထည့်နည်းများ၊ PDF File ပြုပြင်ခြင်း၊ File Format ပြောင်းခြင်း၊ Smart Phone များ၏ Feature အသုံးပြုနည်းများ စသည်တို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)