ငါးသိုင်းချောင်းမြို့ ဗိုလ်ချုပ်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းအား မြို့အရည်အသွေး စစ်ဆေးရေးနှင့် လက်ခံရေးကော်မတီက အရည်အသွေး စစ်ဆေးခြင်းဆောင်ရွက်

ငါးသိုင်းချောင်း နိုဝင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ဗိုလ်ချုပ်လမ်း ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်း (ပထမပိုင်း)ကို၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြို့စည်ပင်သာယာရေးအဖွဲ့  ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း (၂၀.၁၉၅)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

ဗိုလ်ချုပ်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း (ပထမပိုင်း) (ဘုရားလမ်းမှ စိန်တိုးလမ်း အထိ) အတိုင်းအတာအားဖြင့် (၅၃၀ ပေ ၂၀ ပေ ၃ လက်မ) အား ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းတစ်ခုလုံး၏ ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သဖြင့် ငါးသိုင်းချောင်းမြို့ အရည်အသွေး စစ်ဆေးရေးနှင့် လက်ခံရေးကော်မတီက သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေး၊  အရည်အသွေး ပြည့်မီမှုရှိရေးနှင့် လုပ်ငန်းအချိန်မီ ပြီးစီးရေးတို့ကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

ဗိုလ်ချုပ်လမ်းသည် ငါးသိုင်းချောင်းမြို့တွင် အဓိကကျသော မြို့အဝင် လမ်းမကြီးတစ်ခုဖြစ်ပြီး ယခင်အသုံးပြုလျက်ရှိသော ကွန်ကရစ်လမ်းဟောင်းသည် ပျက်စီးနေသောကြောင့် လမ်းအသုံးပြုသူ ပြည်သူများအနေဖြင့် စိတ်အနှောင့်အယှက် ဖြစ်နေကြရပါသည်။ ထို့ကြောင့် အဆိုပါလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းအချိန်မီ ပြီးစီးရေးကို အလေးထား ဆောင်ရွက်လျက် ရှိကြောင်းနှင့်  လုပ်ငန်းအားလုံး ပြီးစီးပါက ပြည်သူများစိတ်ချမ်းမြေ့စွာ သွားလာ အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဉီးခင်ညွန့်က ပြောကြားခဲ့ပါသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)