အထက်မင်းလှ နိုဝင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဂါလန် (၁၅၀၀၀၀)ဆံ့ ရေစစ်ကန်ဆောက်လုပ်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ ယနေ့ နံနက် ၉နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
မင်းလှမြို့နယ်အတွင်း သန့်ရှင်းသောသောက်သုံးရေဖူမှုရှိစေရန်အတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွင့်ပြုရန်ပုံငွေချထားပေးခြင်းဖြစ်ပြီး ဂါလန် ၁၅၀၀၀၀ ဆံ့ရေစစ်ကန် အမှတ်(၁) အလျား ၅၂ပေ၊ အနံ၇၆ပေ၊ အမြင့် ၈ ပေဆောက်လုပ်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ခံအင်ဂျင်နီယာတို့က ရေစစ်ကန်ဆောက်လုပ်မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရေစစ်ကန်ဆောက်လုပ်ပြီးစီးပါက မင်းလှမြို့နယ် ရပ်ကွက်အသီးသီးတို့တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)