လှည်းကူး နိုဝင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့တွင် ဒေသနေပြည်သူများ တိုင်းရင်းဆေးပညာ အကြောင်းကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် မြို့နယ် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေးပညာအကြောင်း အသိပညာပေး (TalkShow) ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က ပြည်သူမျာတိုင်းရင်းဆေးပညာအကြောင်းကို အသိပညာဗဟုသုတ ရရှိစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် (TalkShow) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား ပြီးနောက် လှည်းကူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးက ဆောင်းအကူး၌ ဖြစ်ပွားတတ်သော ရောဂါများ အကြောင်း၊ နှာစေးချောင်းဆိုးရောဂါများအကြောင်း ကုသနည်းပြုစုနည်းနှင့် ချမ်းဖျားတုန်ဖျားများ ပြုစုနည်းများအကြောင်းများ စသည့် အကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)