သီပေါ နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ မိဘပြည်သူများသို့ အသိပေးချက် အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show)တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးတင်ကိုကိုဝင်းက မိဘပြည်သူများအနေဖြင့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာတွင်လည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (ပျောက်ဆုံး/ ပျက်စီး) မိတ္တူ လျှောက်ထားလျှင်လည်းကောင်း စသည်တို့ပြုလုပ်ရာတွင် လိုအပ်သည့် စာရွက်စာတမ်းများနှင့် မိဘပြည်သူများတွင် မှတ်ပုံတင်နှစ်ခုနှင့် အိမ်ထောင်စုစာရင်းနှစ်ခုဖြစ်ပါက မြို့နယ်(လ.ဝ.က)ရုံးသို့ (၁၅-၁၁-၂၀၂၂) ရက်နေ့တွင် နောက်ဆုံးထား၍ လာရောက် အပ်နှံပေးကြရန်နှင့် (၁၅-၁၁- ၂၀၂၂)ရက်နေ့ နောက်ပိုင်း လာရောက်အပ်နှံခြင်းမပြုပါက နောက်ဆုံးထုတ်ပေးထားသည့် နေရပ်လိပ်စာနှင့် အိမ်ထောင်စုစာရင်းများကိုသာ အတည်ပြုသွားမည်ဖြစ်ကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုစာရင်းများနှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ရိုက်ကူးထားသည့် အစီအစဉ်အား သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသော We Love Hsipaw Facebook Page တွင် လွှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေး (သီပေါ၊ ပြန်/ဆက်)