ဇီးကုန်းမြို့နယ်၌ တန်ဆောင်မုန်းလအကြောင်း  အသိပညာပေး(Talk Show) ကျင်းပ

ဇီးကုန်း နိုဝင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင် ယနေ့ နံနက် ၉ နာရီ က  တန်ဆောင်မုန်းလအကြောင်း  အသိပညာပေး (Talk Show) အစီအစဉ် ကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဇီးကုန်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်မာမာဦးနှင့်  ဒုတိယဦးစီးမှူး ဒေါ်ရီရီမြင့်တို့က တန်ဆောင်းမုန်းလ၏ အဓိပ္ပါယ်၊ တန်ဆောင်မုန်းလ၏ ပွဲတော်များအကြောင်း၊ ကထိန်ပွဲတော်ဖြစ်ပေါ်လာပုံနှင့် သာမညဖလ အခါတော်နေ့ဖြစ်ပေါ်လာပုံများ၊ မသိုးသင်္ကန်းရက်ပွဲတော် ကျင်းပပြုလုပ်ခြင်းအကြောင်းများကို ပြည်သူများ ပြည့်ပြည့်စုံစုံသိရှိနိုင်ရန် ဆွေးနွေးတင်ဆက်ခဲ့သည်။

တန်ဆောင်မုန်းလအကြောင်း အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ဇီးကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်နှင့် We Love Zigon Page တို့တွင်လည်း တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)