ကွမ်းလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်အား Talk Show ရိုက်ကူး ထုတ်လွှင့်

ကွမ်းလုံ နိုဝင်ဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် Talk Show အစီအစဉ် ရိုက်ကူးထုတ်လွင့်ခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်းကာ ရိုက်ကူးထုတ်လွင့်ခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ရိုက်ကူးရာတွင် ကွမ်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာထားသည့် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်နှင့်ပတ်သက်၍ Talk Show ရိုက်ကူးရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး ကွမ်းလုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးစောသန်းမြင့်က မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်နှင့်ပတ်သက်၍ မိဘပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ကွမ်းလုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်း လင်းဆွေးနွေး ပြောကြားခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကွမ်းလုံမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုတတိုးပွားရေးအတွက် စာဖတ်ဝိုင်း များ၊ ဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိပြီး ယခုရိုက်ကူးသည့် မိဘပြည်သူများသို့အသိပေး ထုတ်ပြန်ချက် Talk Show အစီအစဉ်ကို We Love Kunlong နှင့် ကွမ်းလုံမြို့ နယ်ပြည်သူ့စာကြည့်တိုက် Facebook Page များတွင်ထုတ်လွင့် ပြသသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

မြို့နယ်(ပြန်/ဆက်)