ဖျာပုံမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အလှပြင်သင်တန်းဖွင့်ပွဲကျင်းပ

ဖျာပုံ နိုဝင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ပထမဦးဆုံး ဖွင့်လှစ်သင်ကြားမည့် ဖျာပုံမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်ကျောင်းနှင့် PTTEP International Limited (Yangon Branch) and Andaman Transporttation Limited တို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု "အလှပြင်သင်တန်း ဖွင့်ပွဲ အခမ်းအနားကိုယမန်နေ့ နေ့လယ် (၂)နာရီအချိန်က ဖျာပုံမြို့ အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက အမှာစကားပြောကြား ရာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု "အလှပြင်သင်တန်း" ဖွင့်လှစ်ရခြင်းမှာ ပြည်သူများ အလုပ်အကိုင်ရရှိရေး၊ အမျိုးသမီးများရဲ့ဘဝ အသက်မွေးဝမ်း ကျောင်းမှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့ကို လူမှုဝန်ထမ်းဌာနအနေဖြင့် အမျိုးသမီများဒေသတွင်း အလုပ်အကိုင်များ ရရှိရေး၊ အိမ်တွင်းမှုကျောင်း များကို မြန်မာနိုင်ငံအတွင်း ကျောင်းပေါင်း (၁၁)ကျောင်း ဖွင့်လှစ်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ ဖျာပုံမြို့နယ်အနေဖြင့် အိမ်တွင်းမှုသက်မွေးဝမ်းကျောင်း ဖွင့်လှစ်ပြီး အမျိုးသမီးများ အနေနဲ့ စက်ချုပ်သင်တန်းများ၊ ပန်းအလှပြင်သင်တန်းများ၊ မုန့်လုပ်နည်းသင်တန်းများ နှစ်စဉ် ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ ယခုအလှပြင်သင်တန်းကို ယနေ့မှစ၍ တစ်လတိတိ ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ(၁၀)ဦးဖြင့် တစ်ကြိမ်လျှင် တစ်လကြာမြင့်ပြီး တစ်နှစ်လျှင် (၆)ကြိမ် ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ကြောင်း၊ အသက် မွေးဝမ်းကျောင်း အထောက်အကူပြု အလှပြင် သင်တန်း ဖွင့်လှစ်ရခြင်းမှာ ဒေသခံပြည်သူ များ၏ အလုပ်အကိုင်ရရှိရေးကို အထောက်အကူဖြစ်စေရေး၊ အမျိုးသမီးများ၏ စွမ်းဆောင် ရည်မြင့်မားစေရန်၊ အိမ်တွင်းမှုကျောင်း ဖွံ့ဖြိုးတိုးတက်စေရေး အထောက် အကူဖြစ်စေရန်၊ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အိမ်တွင်းမှုပညာရပ်များဖြင့် ကျွမ်းကျင် လုပ်သားများ ဖြစ်လာပြီး မိမိကိုယ်တိုင် ရပ်တည်နေထိုင်နိုင်စေရန် ရည်ရွယ်၍ အလှပြင်သင်တန်း ဖွင့်ရခြင်းနှင့် ပတ်သက်၍ ပြောကြားသည်။

ဆက်လက်၍ ဖျာပုံမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်ကျောင်းသို့ PTTEP International Limited (Yangon Branch) မှ Mr. Arraya Chamitim က လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်နော်သဝါးက အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု အလှပြင်သင်တန်း ဖွင့်လှစ်နိုင်ရေး ကူညီဆောင်ရွက်ပေးကြသူများအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြသည်။ ထို့နောက် အလှပြင်သင်တန်း၏ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများ ဝယ်ယူရန်အတွက် PTTEP International Limited (Yangon Branch) and Andaman Transporttation Limited အလှူငွေကျပ် (၁၀၄)သိန်းကျော်အား ပေးအပ် လှူဒါန်း ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် သည်။ ဆက်လက်၍ ဖျာပုံမြို့နယ် အိမ်တွင်းမှုကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်စိုးစိုးမူက သင်တန်းဖွင့်လှစ်ဆောင်ရွက်မည့် အစီအစဉ်များနှင့် သင်တန်းတွင် သင်ကြားပို့ချပေးမည့် အစီအစဉ်များ အား အသေးစိတ်ရှင်းလင်းပြောကြားသည်။ ယနေ့ ဖွင့်လှစ်မည့် အလှပြင်သင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၁၀)ဦးကို တစ်လတိတိ ဖွင့်လှစ်သင်ကြား ပေးသွားမှာဖြစ်ပြီး တစ်နှစ်လျှင် (၆)ကြိမ် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ဖျာပုံမြို့နယ် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း တာဝန်ရှိသူထံမှ သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)