ကျောင်းကုန်း နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့ နယမ (၃၁)ကြိမ်မြောက် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲကို အမှတ်(၄)ရပ်ကွက်၊ အမတရောင်ခြည်(ဘုရားဖြူ) ကျောင်းတိုက်၌ ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဆရာတော်ကြီးများထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်းနှင့် ပရိတ်တရားတော်များ နာယူခဲ့ကြသည်။ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက စုပေါင်းမဟာဘုံကထိန် လှူဒါန်းရခြင်းအကြောင်း လျှောက်ထားပြီး ကထိန်လျာမြတ်သင်္ကန်းကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် အနုမောဒနာတရား နာကြားကာ ရေစက်သွန်ချ အမျှပေးဝေခဲ့ပြီး ၂၀၂၃ ခုနှစ်၊ (၃၂)ကြိမ်မြောက် မြို့နယ်ဌာနဆိုင် ရာစုပေါင်း မဟာ ဘုံကထိန်အတွက် စာရေးတံ မဲနှိုက်၍ ရွေးချယ်ခဲ့ကြသည်။
ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာ (၃၅)ခု၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီ၊ မြို့နယ်ဗီဒီယို လုပ်ငန်းရှင်များအသင်း၊ မြတ်ကျွန်းသာ အသေးစား ချေးငွေလုပ်ငန်း၊ ဂွတ်ဘရားသား(GBS) ကုမ္ပဏီ၊ (PGMF)အသေးစားချေးငွေလုပ်ငန်း၊ ပြည့်မဟာအသေးစား ချေးငွေလုပ်ငန်း၊ (TS) စက်သုံးဆီအရောင်းဆိုင်၊ MOB ဘဏ်၊ ဆန်စက်လုပ်ငန်း ရှင်များ အသင်းနှင့် ရပ်ကွက်(၅)ခု တို့မှ ပစ္စည်းတန်ဖိုး (၂၄)သိန်းကျော်၊ ငွေသားတန်ဖိုး(၉၇) သိန်းကျော်၊ စုစုပေါင်းငွေကျပ် (၁၂၂)သိန်းကျော် လှူဒါန်းနိုင်ခဲ့ကြောင်းနှင့် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)