သာပေါင်းမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် သွားရောက် ဖြည့်ဆည်းဆောင်ရွက်ပေး

သာပေါင်း နိုဝင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ရွှေညောင်ကျေးရွာအုပ်စု၊ ရွှေညောင်ပင်ကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း ကျေးရွာအရောက် ညှိ့နှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြသည်။

ထိုသို့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကျေးရွာအရောက် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြရာတွင် အဖွဲ့အမှတ်(၁)မှ ယနေ့နံနက် ၉ နာရီအချိန်က ရွှေညောင်ပင်ကျေးရွာအုပ်စု၊ ရွှေညောင်ပင်ကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်းတွင် အဖွဲ့အမှတ်(၁) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတို့က တတ်ရောက်လာကြသော ဒေသခံပြည်သူ (၂၅၃)ဦးတို့နှင့် တွေ့ဆုံ၍ တရားဥပဒေစိုးမိုးရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်ရောက်ရေး၊ အလယ်တန်းဆင့်၊ အထက်တန်းဆင့် သင်ယူပြီးမြောက်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင်ကျောင်းများ မီးဘေးအန္တရာယ်လုံခြုံရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း (၆၆/၆) ပြုလုပ်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနိုင်ရေး၊ ရောဂါဖြစ်ပွားမှု လျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ အပြင်ထွက်တိုင်း Mask တပ်ဆင်ရေး၊ ကျေးရွာအုပ်စု ပြည်သူ့လုံခြုံရေး ကြီးကြပ်အဖွဲ့ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊
ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ မော်တော်ဆိုင်ကယ် စီးနင်းပါက ဆိုင်ကယ်စီးဦးထုပ်ဆောင်းရေး၊ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရေး၊ လမ်းပေါ် စပါးမလှန်းရေး၊ အလှူခံများလမ်းနှင့် လွတ်အောင် ယာဥ်အန္တရာယ်မဖြစ်စေဘဲ အလှူခံရေး၊ ဆောင်းသီးနှံနေကြာစိုက်ပျိုးရေး၊ စနေနေ့တိုင်း ကျေးရွာအလိုက်၊ နေအိမ်အလိုက် သန့်ရှင်းရေးစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ် ကာကွယ်ဆောင်ရွက်ရန်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စရပ်များ ရှင်းလင်း ဆွေးနွေးကြပြီး ဒေသခံပြည်သူများမှ သိရှိလိုသည်များ မေးမြန်းကြရာ သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက်ပြန်လည်ရှင်းလင်း ဖြေကြားဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်