စုကလိ နိုဝင်ဘာ ၄
စုကလိမြို့နေပြည်သူများအနေဖြင့် ယာဥ်အန္တရာယ် ကင်းရှင်းစေရေး နှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအချက်ပြသင်္ကေတအမှတ်သားများနှင့် ပြစ်မှုဆိုင်ရာ ဥပဒေများအကြောင်း သိရှိစေရန် ရည်ရွယ်ချက်များဖြင့်စုကလိမြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း အသိပညာပေး Talk show ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက်လက်ထောက် - ၃ဒေါ်ပိုပိုအောင်က ယာဥ်စည်းကမ်းလမ်းစည်းကမ်းများအကြောင်း အချက်ပြအမှတ်အသားများနှင့် ယာဥ်စည်းကမ်းဆိုင်ရာ ဥပဒေများအကြောင်းနှင့် ပြစ်မှုဆိုင်ရာများ အ ကြောင်း၊ ရုပ်သံကျွမ်းကျင်-၃(ပြ) ဦးကိုကိုအောင်က မော်တော်ဆိုင်ကယ် မောင်းနှင်လျှင် လိုက်နာရမည့်အချက်များဖြစ်သည့် ဆ်ုင်ကယ်စီး ဦးထုပ်ဆောင်းပါ၊ မေးသိုင်းကြိုးတပ်ပါ၊ ယာဥ်အန္တရာယ်ကင်းရှင်းစေရေး သတိပြုမောင်းနှင်ကြရန်တို့ကို အပြန်အလှန်ဆွေးနွေးပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး Talk Show အား We love Sukali Page တွင် အချိန်နှင့်တပြေးညီ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပိုပိုအောင်