ကျိုက်မရောမြို့ လူထုအခြေပြုဗဟိုဌာန၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

ကျိုက်မရော နိုဝင်ဘာ ၄

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက် ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့ နေ့လည် ၂ နာရီက လုထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက (၁၀၂)မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်းနှင့် နှစ်စဉ်အမျိုးသားအောင်ပွဲနေ့  အထိမ်းအမှတ် အခမ်းအနားများကို  ဦးတည်ချက် (၄) ချက်ဖြင့် နိုင်ငံတစ်ဝှမ်း စည်ကားသိုက်မြိုက်စွာ ကျင်းပပေးလျက်ရှိကြောင်း၊ လူငယ်များအနေဖြင့်  မိမိတို့နိုင်ငံ၏ အမျိုးသားအောင်ပွဲနေ့ကို တန်ဘိုးထား အမှတ်ရနေစေရန်နှင့် အမျိုးသားရေးစိတ်ဓာတ်ဖြင့် နှစ်စဉ်တန်ဆောင်မုန်း လပြည့်ကျော် ဆယ်ရက်နေ့ရောက်တိုင်း အမျိုးသားအောင်ပွဲနေ့ကို အမှတ်ရနေစေရန်အတွက် ဟောပြောပွဲများ ပြပွဲ၊ ပြိုင်ပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲသို့ (youth Club)အဖွဲ့ မှ လူငယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်  (ပြန်/ဆက်)