တကောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အခြေခံပန်းချီဆွဲနည်း သင်တန်းဖွင့်လှစ်
Apr 20,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/သူများ အချိန်ကိုအကျိုးရှိစွာအသုံချတက်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံ ဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်၊ လူရွယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွှဲ (၁:၀၀)နာရီ ကအခြေခံပန်းချီဆွဲနည်းသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။