ရန်ကုန် နို၀င်ဘာ ၈
ရန်ကုန်တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် တန်ဆောင်တိုင်ဈေးရောင်းပွဲတော်ကို နို၀င်ဘာ ၇ ရက် တန်ဆောင်မုန်းလပြည့်ညက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌စည်ကားများပြားလျက်ရှိသည်။
ရန်ကုန်တန်ဆောင်မီးထွန်းပွဲတော်သို့ လာရောက်သူပြည်သူများ မျက်စိပသာဒလှပခံစားရစေသည့် အလှဆင်မီးများစွာဖြင့် အမှတ်တရဓာတ်ပုံရိုက်ကူးကြသူများ၊ဈေး၀ယ်ကြသူများ၊ စတုဒီသာစားသုံးကြသူများဖြင့် စည်ကားများပြားစွာတွေ့ရသည်။
ထို့ပြင်ဈေးရောင်းပွဲတော်ကြီးတွင် စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ စာအုပ်ဆိုင်များ၊ အစားအစာတန်းများစသည့် ဆိုင်ခန်းပေါင်း ၁၉၀ ကျော်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်မြို့လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်ပြည်သူ့ဥယာဉ်နှင့်ပြည်သူ့ရင်ပြင်၌ တန်ဆောင်မုန်းလပြည့်ညက ဈေးရောင်းပွဲတော်လာကြသောပြည်သူများ စိတ်အပန်းပြေစေရန်နှင့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရောင်စုံမီးရှူးမီးပန်းများဖြင့် ထွန်းညှိပူဇော်ခဲ့ကြပြီး မီးပုံပျံများလွှတ်တင်ခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)