ကံမမြို့၌ ဆီထွက်သီးနှံ မိုးနေကြာစီမံကိန်း တာဝန်ပေးအပ်ပွဲကျင်းပ
Apr 20,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီက ၂၀၂၂-၂၀၂၃ သီးနှံနှစ် ဆီထွက်သီးနှံဖြစ်သည့် မိုးနေကြာစီမံကိန်း တာဝန်ပေးအပ်ပွဲကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းနှင့်အဖွဲ့ဝင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့ကြသည်။