သပိတ်ကျင်း နိုဝင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြိုနယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)တို့နှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ချက်များကို ပြည်သူများသိစေရေးအတွက် အသိပေးဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန်ဝေခြင်းတို့ကို ယမန်နေ့နံနက်(၇)နာရီက သပိတ်ကျင်းမြို့ ဆိပ်ကမ်းလမ်းဆုံနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုအသိပေးဆိုင်းဘုတ်နှင့် အသိပညာပေးလက်ကမ်းစာစောင်တွင် ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)ပုံစံများကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းတို့အား နီးစပ်ရာမြို့နယ်ရုံးများသို့ သွားရောက်ဖြေရှင်းခြင်းဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလကျော်လွန်ပါက ဥပဒေနှင့်အညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် လက်ကမ်းစာစောင်များဖြန့်ဝေပြီး လမ်းဆုံများတွင် အသိပေးဆိုင်းဘုတ်များစိုက်ထူခြင်းများ ဆောင်ရွက်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ရာတွင် သပိတ်ကျင်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးဝင်းမြတ်သူ၊ မြို့နယ်ရဲတပ်ဖွဲ့မှုးရဲမှူး ဇော်နိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိုနယ်ဦးစီးအရာရှိ ဦးမင်းသူရနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီနှင့်ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)