သတင်းများ

သံတွဲမြို့၌ သင်ရိုးသစ် Grede-5 ဗဟိုအဆင့်နည်းပြ (TOT)Online သင်တန်းဖွင့်လှစ်
Apr 20,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ်Grede-5 ဗဟိုအဆင့်နည်းပြ(TOT) Online သင်တန်းကို ယနေ့နံနက် ၉ နာရီက တစ်နိုင်ငံလုံးတစ်ပြိုင်နက် ဖွင့်လှစ်ခဲ့ရာ သံတွဲမြို့၌ အထက(ခွဲ) ငကျော်တောင် ကျောင်းတွင် စုပေါင်းတက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
ဝေါမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်နှင့် အားကစားခေါင်စဉ်ဖြင့် Talk Show ကျင်းပ
Apr 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်၌ အိမ်ထောင်စုဝင် (၁၁၂၁၄)ဦးအား ဆန်အိတ်နှင့်ဂျုံများ လှူဒါန်း
Apr 20,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်အတွင်းရှိ အိမ်ထောင်စုဝင် (၁၁၂၁၄)ဦးအား ယနေ့နံနက် ၉နာရီ အချိန်က ဆန်အိတ်နှင့်ဂျုံများလှူဒါန်းကြောင်းသိရသည်။
ဝိုင်းမော်မြို့၌ သင်ရိုးသစ် Grade -5 ဗဟိုအဆင့် နည်းပြ (TOT)သင်တန်းပို့ချ
Apr 20,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်ပညာရေးမှူးရုံးရှိ အောင်မင်္ဂလာခန်းမ၌ သင်ရိုးသစ် Grade -5 ဗဟိုအဆင့် နည်းပြ (TOT) သင်တန်းကို ဧပြီလ ၂၀ ရက် နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Apr 20,2022
ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍ တစ်ရပ်ဖြစ်သောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ဦးတည်အုပ်စုများဖြင့် ထိုးနှံပေးလျက်ရှိရာ ဧပြီ ၂၀ ရက်နံနက် ၈ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အသက် ၁၈ နှစ်နှင့် အထက် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Phase- 9(နဝမအသုတ်) ပထမအကြိမ်အဖြစ် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန (ဆေးရုံဟောင်း)၌ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် မြေဂရန်နှင့် မော်တော်ယာဉ် ခြောက်လှန့်တောင်းယူမှုဖြစ်ပွား
Apr 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ဧပြီ ၁၇ ရက်က မြေဂရန်နှင့် မော်တော်ယာဉ် ခြောက်လှန့်တောင်းယူမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်ရုံး လူထုအခေပြုဗဟိုဌာနတွင် လျှပ်စစ်ချွေတာရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေး ဟောပြော
Apr 20,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများ ပွင့်လင်းရာသီကာလ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်နှင့် လျှပ်စစ်မီး သုံးစွဲရာတွင် စနစ်တကျ ချွေတာသုံးစွဲသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လျှပ်စစ် ချွေတာရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် Grade-5 ဗဟိုအဆင့်နည်းပြ(TOT) Online သင်တန်းဖွင့်လှစ်
Apr 20,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် Grade-5 ဗဟိုအဆင့်နည်းပြ(TOT)  Online သင်တန်းကို ယနေ့နံနက်(၉)နာရီမှ စတင်၍  အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်း စုပေါင်းခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။