မင်းဘူး နိုဝင်ဘာ ၈
တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့)သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် ဖြစ်သည်နှင့်အညီ မင်းဘူး(စကု) မြို့နယ် အတွင်းရှိ စေတီပုထိုးများတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ ကုသိုလ်ဘာဝနာ ပွားများသူများဖြင့် စည်ကားများ ပြားလျက်ရှိသည်။
ထိုသို့ နေ့ထူးနေ့မြတ် အခါသမယတွင် မင်းဘူး(စကု)မြို့နယ်ရှိ တန်ခိုးကြီး စေတီပုထိုးများဖြစ်သော ရွှေစက်တော် ပါဒစေတီတော် မြတ်များနှင့် စက္ကိန်းတဲဘုရား၊ ဓါတ်တော်ကုန်းဘုရား၊ ရှင်မင်းဘူးဘုရား အောက်ကျောင်း သမုဒ္ဒဂီရိ မြစေတီမြတ်ကြီး၊ ရွှေမြင်တင်ဘုရားတို့တွင် ဘုရားဖူးသူများ၊ ဥပုသ်သီလ ဆောက်တည်သူများ၊ ပဌာန်းဒေသနာတော် ရွတ်ဖတ်ပွားများသူများ၊ ဘာဝနာကုသိုလ်ပွားများ သူများအပြင် ရှင်ပင်ချမ်းသာကြီး စေတီတော် မြတ်ကြီးတွင်လည်း ဆီမီး ၁၅၀၀၀ ထွန်းညှိပူဇော်ပြီး၊ ဆင်ရုပ်၊ မြင်းရုပ်၊ မီးပန်းမီးခိုင် အလှအပများဖြင့် လေ့လာကြည့်ရှု ဖူးမြော်နိုင်ကြပြီး ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာ ပြည်သူများအား စတုဒိသာ အကျွေးအမွေးများဖြင့် ဧည့်ခံကျွေမွေးကာ အေးချမ်းစွာ ဖူးမြော်လျက်ရှိကြ ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)