ချောင်းဆုံမြို့နယ် ချောင်းဆုံအရှေ့ရပ်ကွက် ကျွန်းသာယာခမ်းမ၌ တီဘီရောဂါလူနာရှာ ဖွေကုသရေးအခမဲ့ ကွင်းဆင်းဆောင်ရွက်

ချောင်းဆုံ နိုဝင်ဘာ ၁၁

မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်တီဘီရောဂါ တိုက်ဖျက်ရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ချောင်းဆုံမြို့ကျွန်းသာယာခန်းမတွင် တီဘီရောဂါလူနာရှာဖွေရေး လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်က ကွင်းဆင်းကုသခဲ့သည်။

ကွင်းဆင်းဆေးကုသရာတွင် ပြည်နယ်တီဘီရောဂါ တိုက်ဖျက်ရေးဦးစီးဌာန အထူးကုဆရာဝန်ကြီး ဒေါက်တာထွန်းဦး  ဦးဆောင်ပြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တို့ပူးပေါင်းကာ နံနက်(၉)နာရီအချိန်မှ စတင်၍ မွန်းလွဲ(၁)နာရီအချိန်ထိ ကျန်းမာရေးဝန်ထမ်းများက ရွေ့လျားကွန်ပျူတာ ဓါတ်မှန်စက်ဖြင့် ရင်ခေါင်းဓါတ်မှန်ရိုတ်ပေးပြီး အဆုတ်နှင့်ရင်ခေါင်း ရောဂါရှိ/မရှိ စမ်းသပ်၊ စစ်ဆေး၊ ကုသခြင်းလုပ်ငန်းကို အခမဲ့ကုသ ဆောင်ရွက်မှုပေးခဲ့ရာ လာရောက်ပြသသည့် ပြည်သူဦးရေ (၁၆၇) ဦး ဓာတ်မှန်ရိုက်သူဦးရေ (၁၆၇)ဦး သလိပ်စစ်သူဦးရေ (၁၄)ဦး ဆေးကုသမှုခံရသူ (၁၄)ဦး တီဘီသံသယလူနာဦးရေ ၇ ဦးကို အခမဲ့ စမ်းသပ်ကုသပေးခဲ့ပြီး ကျန်ကျေးရွာများသို့ ဆက်လက်၍ ရောဂါရှာဖွေခြင်းနှင့် ဆေးများအခမဲ့ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချောင်းဆုံ ( ပြန်/ဆက်)