ပေါင်းတည်မြို့နယ်တွင် ပြည်သူများအခွင့်အရေးမဆုံးရှုံးစေရေးနှင့် မြေပြင်လူဦးရေစာရင်း မှန်ကန်စွာရရှိရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပေါင်းတည် နိုဝင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ပြည်သူများအခွင့်အရေးများ မဆုံးရှုံးစေရန် မြေပြင်လူဦးရေစာရင်း တိကျမှန်ကန်စွာရရှိရေးအတွက် ယနေ့နံနက်ပိုင်း က မင်းကွက် ( )ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသန့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမောင်မောင်လွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိဝန်ထမ်းများက မင်းကွက်() ရပ်ကွက်အတွင်းရှိ လက်ရှိမြေပြင်အိမ်ထောင်စု လူဦးရေစာရင်း မှန်ကန်မှုရှိရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်း၊ လိုအပ်ချက်များ ဖြစ်ပေါ်နေပါက ချက်ချင်းဆောင်ရွက်ပေးခြင်းတို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အဖွဲ့ဝင်များနှင့်ရပ်ကွက် စာရေးဝန်ထမ်းတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းနှင့် မြေပြင်လူဦးရေစာရင်း မှန်ကန်စွာရရှိနိုင်ရေး ရပ်ကွက်နှင့်ကျေးရွာအုပ်စုများသို့ အရှိန်အဟုန်မြှင့် မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သူရကြီး(ပြန်/ဆက်)