ကဝမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကဝ နိုဝင်ဘာ  ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီ က ..က(ခွဲ)(ကျားတက်)ကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုဝေ က အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်း က လူကုန်ကူးမှုတားဆီးကာကွယ်ရေးခေါင်းစဉ်ဖြင့် လူကုန်ကူးမှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ လူကုန်ကူးရန်စုဆောင်းခြင်း၊ အမျိုးသမီးများ၏ အားနည်းချက်၊ အမျိုးသမီးများတွေ့ဆုံရသော လူကုန်ကူးမှုအန္တရာယ်၊ မျှော်လင့်ချက်ရောင်ခြည်၊ လူကုန်ကူးမှုဆိုင်ရာပြစ်မှုအင်္ဂါ()ရပ်နှင့် လူကုန်ကူးမှုပြစ်ဒဏ်များ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဦးစစ်နိုင်ဦး က အားကစားဆိုတာဘာလဲ၊ အားကစားအမျိုးအစား()မျိုးအကြောင်း၊ အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူး၊ ကျန်းမာရေးအတွက် နေ့စဉ်ကိုယ်လက်လှုပ်ရှားအားကစားများပြုလုပ်ရန် တို့ကို ပြောကြားပြီး၊ နည်းစနစ်မှူး ဦးကောင်းထက်လင်းက အားကစားသိပ္ပံအကြောင်းတို့ကို ရှင်းလင်းပြောကြားကာ ကျောင်းအုပ်ဆရာမကြီးအား အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော ကလေးအလုပ်သမား ပပျောက်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)