အုတ်တွင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ပြုလုပ်

အုတ်တွင်း  နိုဝင်ဘာ  ၁၁

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေးနှင့် အားကစားစိတ်ဓာတ်မြှင့်တက်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉နာရီခွဲအချိန် က အုတ်တွင်းမြို့ အခြေခံပညာအထက်တန်းကျောင်း ပညာသီရိခန်းမ၌ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်း က (၁၀၂)နှစ်မြောက် အမျိုးသားနေ့ဖြစ်ပေါ်ပုံ သမိုင်းကြောင်းအားလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်သပြေက အားကစားသိပ္ပံ အကြောင်းအရာသိကောင်းစရာအား လည်းကောင်း၊ မြို့နယ်စာသုံးသူရေးရာဦးစီးဌာနမှ ဒေါ်အေး အေးခိုင် က စားသုံးရန်မသင့်သော အစားအစာနှင့် ဥပဒေအကြောင်းအရာအားလည်းကောင်း ရှင်း လင်းဆွေးနွေးပြောကြားခဲ့သည်။

ဟောပြောပွဲသို့ အခြေခံပညာအထက်ကျောင်းမှ ကျောင်းသား/သူများ (၁၅၆)ဦး တက်ရောက်ခဲ့ပြီး သိရှိလိုသည်များအား အပြန်အလှန်မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)