ကန်ကြီးထောင့် နိုဝင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံး၊ စာဖတ် စွမ်းရည်နှင့် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများအား ယနေ့ နံနက် ၉ နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ဇင်မာဦးနှင့် ဝန်ထမ်းများက မြို့သစ်မူ/လွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများအား မူလတန်းအဆင့် စာစီစာကုံး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ (၄၀) ဦးတို့အား စကောရွက်၊ အင်္ကျီဝတ်၊ ဖားခုန်၊ အိတ်စွပ် စသည့် အားကစားပြိုင်ပွဲများ ကျင်းပပေးခဲ့ရာ ဆုရရှိကြသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
မဇင်(ပြန်/ဆက်)