ရေဖြူ နိုဝင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ယမန်နေ့ည တန်ဆောင်မုန်း လပြည့်နေ့၌ ပြည်လုံးချမ်းသာဘုရား စေတီတော်ရင်ပြင်တွင် မီးပုံးပျံလွှတ်ခြင်း၊ စတုဒီသာ ကျွေးမွေးခြင်း၊ စုပေါင်းပဋ္ဌာန်းရွတ် ပူဇော်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေဖြူမြို့၊ ဓမ္မမာမကကျောင်းဂေါပကမှ ဦးဆောင်၍ ဘုရားရင်ပြင်တွင် မီးပုံးပျံလွှတ်ခြင်း၊ အလှူရှင်စေတနာရှင် (၄)ဦးမှ ဘုရားဖူးလာ ဧည့်ပရိတ်သတ်များအား ခေါက်ဆွဲကြော်၊ လဘက်ရည်၊ မုန့်၊ အအေးတို့ဖြင့် စတုဒီသာ ဧည့်ခံကျွေးမွေးခြင်း၊ စေတီတော် ရင်ပြင်တွင် ယောဂီများက ပဋ္ဌာန်းရွတ် ပူဇော်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခတ္တာ