ပြင်ဦးလွင် နိုဝင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူး ကံသာဆုတောင်းပြည့်ဘုရားကြီး (ပြည်ချစ်ဘုရားကြီး)၏ (၁၆)ကြိမ်မြောက် တန်ဆောင်တိုင် ပွဲတော်တွင် တန်ဆောင်မုန်းလပြည့်နေ့ ယမန်နေ့ ညပိုင်းတွင် ညမီးပုံးပျံများ ဆက်လက် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ညမီးပုံးပျံများ ယှဉ်ပြိုင်ရာတွင် ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော် စတုတ္ထနေ့အဖြစ် ဦးထွန်းထွန်း ဦးဆောင်သော (အခမဲ့) နာရေးကူညီမှု အသင်း၏ ပရဟိတမီး၊ ဦးစိန်လွင် ဦးဆောင်သော ရပ်ကွက်ကြီး (၁၁) ရှိ ရွှေချလုပ်ငန်းရှင်၏ တိမ်ယံမီး၊ တပ်နယ်ဦးဆောင်သော ဂရုဏာမီး၊ ဦးကျော်မြင့်ဆွေ ဦးဆောင်သော နယ်မြေ(၁)၏ ပျော်ကြမယ်ဟေ့ မီး၊ ဦးဝင်းမောင် ဦးဆောင်သော ရပ်ကွက်ကြီး(၁၆)ကံကြီးကုန်း၏ ပန်းချစ်သူမီး၊ ဦးဝင်းမြင့်ဦးဆောင်သော ရပ်ကွက်ကြီး (၉)+(၁၈) ၏ နန္ဒဝန်မီး၊ ဦးသန်းဝင်းလှိုင် ဦးဆောင်သော ရပ်ကွက်ကြီး(၈)၏ ရွှေပဒေသာမီး၊ တပ်နယ်မှ ဦးဆောင်သော သစ္စာမီး၊ ဦးချစ်ဦး ဦးဆောင်သော နယ်မြေ(၃)ရှိ ငြိမ်းချမ်းအောင်မီး စသဖြင့် ညမီးပုံးပျံပြိုင်ပွဲဝင် လွှတ်တင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ မီးပုံးပျံပြိုင်ပွဲသို့ ပြင်ဦးလွင် တပ်နယ်မှူး ဗိုလ်ချုပ်ဇော်မင်းလတ် ဦးဆောင်သော ပြင်ဦးလွင်တပ်နယ်မှ အရာရှိကြီးများ၊ ပြင်ဦးလွင်ခရိုင် ခေတ္တအုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦး၊ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဒုတိယ ဗိုလ်မှူးကြီး မျိုးထက်ဝင်း၊ အဖွဲ့ဝင်-၂ ဦးစိုင်းအောင်ကြည်၊ ဒုတိယ ရဲမှူးကြီး ခင်ဇော်မြင့်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ ၊ ပြင်ဦးလွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်၊ အဖွဲ့ဝင်-၁ ဗိုလ်မှူး ပြည့်ဖြိုးဟန်၊ အဖွဲ့ဝင်-၂ ဦးသောင်းမြင့်သိန်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ လာရောက်ကြည့်ရှု အားပေးကာ ပြင်ဦးလွင်မြို့နယ် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ ၊ မြို့နယ်ကြက်ခြေနီအသင်း၊ လူမှုရေး အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ၊ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများ စုစုပေါင်း လူဦးရေ (၃၅၀၀၀)ခန့် လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)