အသက်မွေးဝမ်းကျောင်း အထောက်အကူပြု “သီးနှံအခြေခံ ယိုအမျိုးမျိုးနှင့်ဖျော်ရည်ဝိုင်ထုတ်လုပ်မှု “နည်းပညာသင်တန်းဖွင့်လှစ်
Nov 08,2022
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးလက်နေအမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေရရှိစေရန် ရည်ရွယ်၍ မွန်ပြည်နယ် သမဝါယမနှင့်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျိုက်မရောမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာတို့မှ ဦးဆောင်ကျင်းပသော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု “သီးနှံအခြေခံယိုအမျိုးမျိုးနှင့် ဖျော်ရည်ဝိုင်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြကုန်းကျေးရွာဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့သည်။