ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး mobile အစီအစဉ်ဖြင့် သွားရောက်ထိုးနှံ
Apr 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး အထည်ချုပ် စက်ရုံနှင့် ရပ်ကွက်/ကျေးရွာနေပြည်သူများအား ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကာကွယ်ဆေး အကြိမ်ပြည့်မထိုးနှံရသေးသည့် ပြည်သူများနှင့် တစ်ကြိမ်တစ်ခါမျှ မထိုးနှံရသူများအား mobile အစီအစဉ်ဖြင့် သွားရောက်၍ ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးခဲ့ကြောင်းသိရသည်။