(၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ပြင်ဦးလွင်ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းအလှူတော်ကျင်းပ

ပြင်ဦးလွင် နိုဝင်ဘာ ၈

(၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ပြင်ဦးလွင်ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းအလှူတော်ကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်မှ မွန်းတည့် ၁၂ နာရီအချိန်အထိ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁)ရှိ ရှေးဟောင်းသမိုင်းဝင်ရွှေမြင်တင်ဘုရားဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ရုံးဝန်ထမ်းများ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်းအင်အား (၃၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးက ဆရာတော်အရှင်သူမြတ်များထံသို့ သာသနာရေးဆိုင်ရာများလျှောက်ထားခြင်း၊ သံဃာတော်(၇)ပါးအား နေ့ဆွမ်းဆက်ကပ်ခြင်း၊ ဧည့်သည်တော်များအား ဧည့်ခံကျွေးမွေးခြင်း၊ ဆရာတော်သံဃာတော်(၇)ပါးအား ကထိန်သင်္ကန်းဆက်ကပ်ခြင်းနှင့် ဝတ္ထုငွေ(၉၃၆၉၀၀၀)ကျပ်၊ ပစ္စည်းတန်ဖိုး (၁၄၈၇၄၂၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုး (၂၄၂၄၃၂၀၀) ကျပ်အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယမင်းလှိုင်