မိုးညှင်း နို၀င်ဘာ ၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် (၉)နာရီခွဲက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း မြသရဖူ ခန်းမဆောင်၌ ကျင်းပသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဆွေက မိုးညှင်းမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တာဝန်ခံဆရာ/ ဆရာမများ၏ လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင် သင်ကြားရေးဆိုင်ရာများ၊ ဘဏ္ဍာရေးဆိုင်ရာများနှင့် စည်းကမ်းထိန်းသိမ်းရေးတို့တွင် စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ ဤအလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း (၂၀၀)ကျောင်းမှ ကျောင်းအုပ် ကြီးများနှင့် တာဝန်ခံ ဆရာ/ဆရာမများ စုစုပေါင်း(၂၀၀)ဦး တက်ရောက်ကြပြီး ဆွေးနွေးပွဲကို နိုဝင်ဘာ (၈)ရက်နေ့မှ (၉)ရက်နေ့ထိ နှစ်ရက်တာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရ သည်။
ရွှေမိုးညှင်း