ဇီးကုန်း နိုဝင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးသူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများအား ဗဟုသုတနှင့်အသိပညာပေးခြင်း၊ စာဖတ်ရှိန်မြှင့်တင်ခြင်းများအား ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နေ့လယ်ပိုင်းက အခြေခံပညာမူလတန်းကျောင်း (အ.မ.ကသိမ်ကြီးရိုး)သို့ စာဖတ်ရှိန်မြှင့်တင်ရေး မိုလ်ဘိုင်းသုံးဘီးယာဉ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်မာမာဦးနှင့်ဝန်ထမ်းများသည် အခြေခံပညာမူလတန်းကျောင်း (အ.မ.ကသိမ်ကြီးရိုး)ကျောင်းသို့ မိုလ်ဘိုင်းသုံးဘီးယာဉ်ဖြင့်ကွင်းဆင်း၍ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများကို အသိပညာပေးပြောကြားခြင်း၊ ပုံပြင်ပြောပြခြင်းနှင့် စာအုပ်စာစောင်များဖတ်ပြခြင်းများ၊ ဉာဏ်စမ်းပဟေဠိဆော့ကစားခြင်းများဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကို စာအုပ်များဖတ်ရှုလေ့လာစေခဲ့ပါသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည် ပြသထားသော အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်တို့အား ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြောင်းနှင့် စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)