ကမာရွတ်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာ​ပေး​ဟော​ပြောပွဲနှင့် လက်ကမ်းစာ​စောင်များဖြန့်​ဝေ

ကမာရွတ် နိုဝင်ဘာ ၁၀

ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်​နေ့ နေ့လယ် (၁၃)နာရီအချိန်က မာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးအောင်၊ မြိုနယ်ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူး စိုးမင်းအောင်၊ ခရိုင်ပညာ​ရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာ​ကျောင်းအုပ်ကြီးတို့မှ  ကမာရွတ်မြို့နယ် အမှတ်(၆) ရပ်ကွက်ရှိ အ.ထ.က (၃)အ​ခြေခံ​ကျောင်း၌  အလယ်တန်းနှင့်အထက်တန်း ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးတို့အား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပေး ခဲ့ကြပါသည်။

ထို့နောက် တက်​ရောက်လာ​သော​ ကျောင်းသား​၊ ကျောင်းသူများမှ သိရှိလိုသည်များကို ​မေးမြန်းကြရာ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စုမှုးမှ ပြန်လည်​ဖြေကြား​ပေးပြီး အသိပညာ​ပေး လက်ကမ်းစာ​စောင်များကို ​ဖြန့်​ဝေပေးခဲ့​ကြောင်း သတင်းရသည်။

စိမ်းလဲ့(ပြန်/ဆက်)