ဟင်္သာတ နိုဝင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် တိုင်းဒေသကြီးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော နွားမေထုံမဲ့သားစပ်ခြင်း၊ တိရစ္ဆာန်အစာ အချဥ်ဖတ်ပြုလုပ်ခြင်းနှင့် ဇိဝမြေသြဇာပြုလုပ်ခြင်း သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဟင်္သာတခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါက်တာမိုးမိုးခိုင်က သင်တန်းဖွင့်အမှာစကား ပြောကြားကာ ဟင်္သာတခရိုင် ခရိုင်ဦးစီးမှူး ဒေါက်တာ အောင်သူမျိုးက သင်တန်းတွင် ပို့ချပေးမည့် သင်ခန်းစာ အခြေအနေများကို လည်းကောင်း၊ သင်တန်းစည်းမျဥ်း စည်းကမ်းများကို လည်းကောင်း ရှင်းလင်းတင်ပြပြီး မြို့နယ် ဦးစီးမှူး ဒေါက်တာ ယုနန္ဒာအောင်မှ Power Point ဖြင့် ပထမအကြိမ် သင်တန်းဖွင့်လှစ်ဆောင်ရွက်ခဲ့မှုနှင့် သင်တန်းတွင် စာတွေ့လက်တွေ့ သင်ကြားခဲ့မှုများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။
အဆိုပါ သင်တန်းကို မြို့နယ်များမှ သင်တန်းသား (၁၅)ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းအား ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ (၉-၁၁-၂၀၂၂)မှ(၁၅-၁၁-၂၀၂၂)ထိ စာတွေ့လက်တွေ့ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဇော် -ဟင်္သာတ