သရက် နိုဝင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ် ပေါင်းစုံ တန်ဆောင်တိုင် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဆုရရှိခဲ့သူများအား ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်အဝေးခန်းမ၌ ကျင်းပရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးတင်မျိုးလတ်က အဖွင့်အမှာစကား ပြောကြားရာမှာ ပြိုင်ပွဲဝင် အားကစားသမားများအား မြို့နယ်ဂုဏ် ဆောင်ရွက်ပေးနိုင်သည့်အတွက် ဂုဏ်ယူမိပါကြောင်းနှင့် အစဉ်အလာ ထိန်းသိမ်းနိုင်အောင် ဆက်လက် ကြိုစားစေလိုကြောင်း ပြောကြား ပေးခဲ့ပြီး ပြိုင်ပွဲဝင် အားကစားသမား တစ်ဦးချင်းမှ ရရှိခဲ့သော ဆုအမျိုးအစားနှင့် ဆုရရှိအောင် ဆောင်ရွက် ေးခဲ့သည်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား တန်ဆောင်တိုင် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အသင်းလိုက် ပထမဆုရရှိ ခဲ့သည့် အသင်းအား ငွေကျပ်(၂)သိန်း ဂုဏ်ပြုချီးမြှင့်ရာ ဆုရရှိခဲ့သည့် ဂေါက်သီးရိုက် ပြိုင်ပွဲဝင်များက လက်ခံပေးခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား တန်ဆောင်တိုင် ဂေါက်သီးရိုက် ပြိုင်ပွဲတွင် အသင်းလိုက် ပထမဆုရရှိခဲ့သည့် တံခွန်စိုက်အား အပ်နှံရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)