အောင်မြေသာစံမြို့နယ် (Community Centre)ခန်းမတွင် လေးစာဖတ်ရှိန်မြှင့်တင်ရေး ပြိုင်ပွဲများ ပြုလုပ်
Nov 10,2022
ကျောင်းသား/ကျောင်းသူကလေးငယ်များ အပြောအဆိုစွမ်းရည်များ မြင့်မားတိုးတက်လာစေရေး၊ စာဖတ်စွမ်းရည်များ စာပေလေ့လာရေးသားခြင်းစွမ်းရည်များ မြင့်မားတိုးတက်လာစေရန်စသည့် ရွယ်ချက်များဖြင့် ယမန်နေ့နံနက် ၁၀ နာရီက မန္တလေးအောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူလတန်းအဆင့် ပုံပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲများကျင်းပပြုလုပ်သည်။