မိုးကောင်းမြို့၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေး

မိုးကောင်း နိုဝင်ဘာ ၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အ.ထ.က(၁)ကျောင်း မဉ္ဇူသကခန်းမ၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ(၉)ရက် နံနက်(၁၀)နာရီတွင် ကျင်ပခဲ့သည်။

စည်းကမ်းကောင်းမှလုပ်ငန်းကောင်းပြီး စွမ်းဆောင်ရည်မြင့်မားရေးအတွက် ပညာရေး ရည်မှန်းချက်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ၏ ကျောင်းစီမံအုပ်ချုပ်မှု စွမ်းဆောင်ရည်မြင့်မားစေရန်အတွက် ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲကို မိုးကောင်းမြို့နယ်မှ ထက်၊ လယ်၊ မူနှင့် ဘ/ကကျောင်းတို့မှ ကျောင်းအုပ် ဆရာ/မ(၁၃၆)ဦး၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ(၄)ဦး သင်တန်းဆင့်ပွါးပို့ချသူ (၅)ဦး တက်ရောက်၍ စီမံရေးရာ၊ ဘဏ္ဍာရေးရာနှင့် ပညာရေးဘာသာရပ်ဆိုင်ရာများကို နိုဝင်ဘာ(၉) ရက်နှင့်(၁၀)ရက်တို့၌ နံနက်(၁၀)နာရီမှ ညနေ(၄)နာရီထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)