ကျောက်တံတား နိုဝင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ အုပ်ချုပ်ရေးစစ်ကြောင်းနှင့် ကျန်းမာရေးစစ်ကြောင်းတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၆)ရပ်ကွက်၊ ၃၈လမ်း (အလယ်ဘလောက်) ရှိ မင်္ဂလာဓမ္မာရုံတွင် အသက် ၁၈နှစ်နှင့်အထက် ပြည်သူများအား ထပ်ဆောင်းကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Booster) ထိုးနှံပေးကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)