သတင်းများ

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးဆိုင်ရာ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ကြမ်း၊ အရင်းအနှီး၊ သွင်းအားစုနှင့် လူသားအရင်းအမြစ်များ ပြည့်စုံအောင်ဆောင်ရွက်မည်
Nov 17,2022
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ပင်မကျောရိုးလုပ်ငန်းများဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးဆိုင်ရာ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး အဓိကလိုအပ်ချက်ဖြစ်သော ကုန်ကြမ်း၊ အရင်းအနှီး၊ သွင်းအားစုနှင့် လူသားအရင်းအမြစ်များ ပြည့်စုံအောင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် MSMEs လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး နှီးနှောဖလှယ်ပွဲတွင် ပြောကြားသည်။
ငါးသိုင်းချောင်းမြို့၊ မအူကုန်ကျေးရွာအုပ်စုတွင် ဆင်းရွှေကြာ-၂ နေကြာ မျိုးစေ့ချ ကွင်းသရုပ်ပြပွဲ ပြုလုပ်
Nov 17,2022
ငါးသိုင်းချောင်းမြို့၊ မအူကုန်ကျေးရွာအုပ်စုရှိ ကွင်းအမှတ်(၉၀၃-B)၊ ဉီးပိုင်အမှတ်(၁၉/၁) တောင်သူဉီးကုသိုလ်၏ နေကြာမျိုးစေ့ထုတ်စိုက်ခင်း တစ်ဧကတွင် ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ချကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ငါးသိုင်းချောင်းမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ တက်ရောက်၍ ကြည့်ရှုအားပေးခဲ့ကြပြီး တောင်သူများ လာရောက်လေ့လာခဲ့ကြကြောင်းသိရသည်။
သရက်မြို့၌ (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Nov 17,2022
မကွေးတိုင်းဒေသကြီး သရက်မြို့ အထက(၃)စိန်ရတုခန်းမ၌ (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။
မြိတ်မြို့တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပ
Nov 17,2022
အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့ နေ့လယ်ပိုင်း၌ မြိတ်မြို့ဂေါက်ကွင်းတွင် တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပရာ ပြိုင်ပွဲဝင် အားကစားသမား(၁၂၀)ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ် စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းထုတ်ကုန်များပြပွဲ၊ ဈေးရောင်းပွဲတော်ဖွင့်ပွဲနှင့် အမျိုးသား နေ့အထိမ်းအမှတ် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအ
Nov 17,2022
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းထုတ်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်းရှိ အသေး စား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူများ တက်ရောက်ကြသည်။
ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၄၃ ဦး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေး
Nov 17,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမှတ် (၇၀/၂၀၂၂)ဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၄၃ ဦး အား နိုဝင်ဘာ ၁၇ ရက်က လွှတ်ပေးခဲ့ကြောင်းသိရသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​သေ၊ နန်းယွန်းမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ
Nov 17,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ (၂၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ပြုလုပ် ကျင်းပသည်။
ဘောလခဲမြို့၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပ
Nov 17,2022
ကယားပြည်နယ်၊ဘောလခဲခရိုင် ဘောလခဲမြို့နယ်တွင်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ ကျင်းပခဲ့သည်။