ငါးသိုင်းချောင်းမြို့၌ ရှေးဉီးပြုစုခြင်းအခြေခံသင်တန်းများ သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်
Nov 17,2022
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ (အ.ထ.က) (အ.လ.က) ခွဲ ကျောင်းများ၌ ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲက ဦးဆောင်ဖွင့်လှစ်သင်ကြားပေးခဲ့သော ရှေးဉီးပြုစုခြင်း အခြေခံသင်တန်း (၅/၂၀၂၂)၊ (၆/၂၀၂၂)၊ (၇/၂၀၂၂) သင်တန်းဆင်းပွဲနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က ငါးသိုင်းချောင်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။