ဘောလခဲမြို့၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပ

 

ဘောလခဲ နိုဝင်ဘာ ၁၇

ကယားပြည်နယ်၊ဘောလခဲခရိုင် ဘောလခဲမြို့နယ်တွင်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ ကျင်းပခဲ့သည်။

​ရှေးဦးစွာ အခမ်းအနားတွင်နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိူင်ထံမှ ပေးပို့လာသော (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးတင်ထွဋ်အောင်ကဖတ်ကြားပေးခဲ့ပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ကဗျာ၊ပန်းချီ ပြိုင်ပွဲတွင်ဆုရကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆုရကျောင်းသား၊ ကျောင်းသူများ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ အမျိုးသား​အောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် ခင်းကျင်းပြသထားသော ဆုရစာစီစာကုံး၊ ကဗျာ၊ ပန်းချီကားများနှင့် ခင်းကျင်း​ပြသထားသော​ စာအုပ်စာစောင်များအား တာဝန်ရှိသူများနှင့် ကျောင်းသားကျောင်းသူများက  လေ့လာခဲ့ကြကြောင်း သိရသည်။