သတင်းများ

ချောင်းဆုံမြို့နယ်တွင် (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပ
Nov 17,2022
(၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ဆုရကျောင်းသား/သူများ တက်ရောက်ကြသည်။
ခန္တီးမြို့တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ
Nov 17,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း ကျန်စစ်သားခန်းမ၌ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Nov 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။
မူဆယ်မြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် သဝဏ်လွှာ ဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Nov 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ အ.ထ.က(၂) ကျောင်းခန်းမ၌ ယနေ့ နံနက် ၈ နာရီခွဲအချိန်က အောက်တိုဘာလ(၁၇) ရက်နေ့တွင် ကျရောက်သည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Nov 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားပွဲနှင့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ဆုရကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားအား ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မဟာဆောင်ခန်းမ၌ ကျင်းပသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း- မွန်ပြည်နယ်အတွင်း စွမ်းစွမ်းတမံ တာဝန် ထမ်းဆောင်ခဲ့သူများအား ရဲသူရတံဆိပ်၊ ရဲဗလတံဆိပ်နှင့် ဂုဏ်ပြုလွှာ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား တက်ရောက်
Nov 17,2022
မွန်ပြည်နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရာတွင် ကျရာနေရာက စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသူများကို ဂုဏ်ပြုသော အားဖြင့် ရဲသူရတံဆိပ်၊ ရဲဗလတံဆိပ်နှင့်ဂုဏ်ပြုလွှာ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို နိုဝင်ဘာလ ၁၆ ရက်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနာသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူများတက်ရောက် ခဲ့သည်။
ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၂ ခုနှစ် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပ
Nov 17,2022
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ၂၀၂၂-ခုနှစ်၊ (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယနေ့နံနက်(၈)နာရီက အ-ထ-က-ပုသိမ်ကြီး၊ အောင်ဇမ္ဗူခန်းမဆောင်၌ ကျင်းပသည်။
ဟင်္သာတမြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Nov 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်  ဟင်္သာတမြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၈ နာရီက ဥယျာဥ်မြောက်ရပ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း အမျိုးသားခန်းမ၌ ကျင်းပခဲ့သည်။