ငါးသိုင်းချောင်းမြို့၊ မအူကုန်ကျေးရွာအုပ်စုတွင် ဆင်းရွှေကြာ-၂ နေကြာ မျိုးစေ့ချ ကွင်းသရုပ်ပြပွဲ ပြုလုပ်

 

 ငါးသိုင်းချောင်း နိုဝင်ဘာ ၁၇

ငါးသိုင်းချောင်းမြို့၊ မအူကုန်ကျေးရွာအုပ်စုရှိ ကွင်းအမှတ်(၉၀၃-B)၊ ဉီးပိုင်အမှတ်(၁၉/၁) တောင်သူဉီးကုသိုလ်၏ နေကြာမျိုးစေ့ထုတ်စိုက်ခင်း တစ်ဧကတွင် ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ချကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ငါးသိုင်းချောင်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ တက်ရောက်၍ ကြည့်ရှုအားပေးခဲ့ကြပြီး တောင်သူများ လာရောက်လေ့လာခဲ့ကြကြောင်းသိရသည်။

အဆိုပါမျိုးစေ့ချကွင်းသရုပ်ပြပွဲတွင် ဆီထွက်သီးနှံနေကြာအထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့များကို တန်းကြား ၂ ပေ၊ ပင်ကြား  ၉ လက်မခွာ၍ တစ်ကျင်းလျှင်မျိုးစေ့ နှစ်စေ့နှုန်း စိုက်ပျိုးရမည်ဖြစ်ကြောင်း  ငါးသိုင်းချောင်းမြို့စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အေးအေးကျော်က  စိုက်ပျိုးနည်းစနစ်တို့ကို လက်တွေ့ရှင်းလင်းခဲ့ကြောင်းသိရသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)