ပေါက်မြို့နယ်တွင် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပ
Nov 17,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင်ကျရောက်သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ပေါက်မြို့အခြေခံပညာအထက်တန်းကျောင်း ဗိုလ်စကားခန်းမ၌ကျင်းပရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ဆရာ/ဆရာမများ ၊ ကျောင်းသား/ ကျောင်းသူများ ၊ ကျောင်းသားမိဘများ ၊ ဒေသခံပြည်သူများ စုစုပေါင်း (၂၅၀) ဦး ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။