ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၄၃ ဦး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေး

ကျိုင်းတုံ နိုဝင်ဘာ ၁၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမှတ် (၇၀/၂၀၂၂)ဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၄၃ ဦး အား နိုဝင်ဘာ ၁၇ ရက်က လွှတ်ပေးခဲ့ကြောင်းသိရသည်။

ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည့် အကျဉ်းသား၊ အကျဉ်းသူများအား ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်းနှင့် တာဝန်ရှိသူများ ဆုံးမဩဝါဒစကားများပြောကြားပြီး လွတ်ငြိမ်းချမ်းသာခွင့်လက်မှတ်များပေးအပ်ခဲ့ကြောင်း သိရသည်။

ယနေ့ ကျိုင်းတုံအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့်နိုင်ငံခြားသား အကျဉ်းသား(၁)ဦး၊ နိုင်ငံသားအကျဉ်းသား(၃၇)ဦး၊ အကျဉ်းသူ(၅)ဦး စုစုပေါင်း(၄၃)ဦး လွှတ်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်