မြိတ် နိုဝင်ဘာ ၁၇
အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့ နေ့လယ်ပိုင်း၌ မြိတ်မြို့ဂေါက်ကွင်းတွင် တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပရာ ပြိုင်ပွဲဝင် အားကစားသမား(၁၂၀)ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲအား တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ဂေါက်သီးရိုက်ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲစတင်ခဲ့သည်။ ပြိုင်ပွဲကို နိုဝင်ဘာလ(၁၇)ရက်မှ(၁၈)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင်အမျိုးသား/ အမျိုးသမီးအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ ပြိုင်ပွဲဝင်အားကစားသမားများမှ ကျင်း(၁၈)ကျင်း ယှဉ်ပြိုင်ကစားကြရမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲကို ဝန်ကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်၊ ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဂေါက်သီးရိုက်အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီး၌ ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)