မုံရွာ နိုဝင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းထုတ်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်းရှိ အသေး စား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းဒေသကြီး စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းထွဋ်ကိုနှင့် မုံရွာခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးဇော်တင်မိုးတို့က ပြပွဲနှင့်ဈေးရောင်းပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း-အလုံမှ ဘင်ခရာအဖွဲ့အား ငွေကျပ် ၅ သိန်းပေးအပ်ချီးမြင့်ပြီး တာဝန်ရှိသူများနှင့်အတူ အဆိုပါမုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၄ ဇုန်မှထုတ်လုပ်သည့် လူသုံးကုန်ပြခန်း၊ အိမ်သုံးကုန်ပြခန်း၊ စားသောက်ကုန်ပြခန်း၊ ချည်ထည်နှင့်အထည်လိပ်ပြခန်း၊ ပရိဘောဂပြခန်း၊ ရော်ဘာနှင့်ပလပ်စတစ်ပြခန်း၊ တိုင်းရင်း ဆေးဆိုင်ရာပြခန်း၊ ကျောက်အချောထည်ပြခန်း၊ လယ်ယာသုံးစက်ကိရိယာပြခန်းများအား လိုက်လံကြည့်ရှုအားပေးကြပြီး ပြခန်းနှင့်ဈေးရောင်းပွဲတော်သို့ လာရောက်သူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်သူ့အားကစား အတွင်းရှိ မိုးလုံလေလုံအားကစးခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီနှင့် တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများသည် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကအသက်သွေး ကြောတစ်ခု ဖြစ်ပါကြောင်း၊ နိုင်ငံစီးပွားရေး၏ ၉၀ ရာခိုင်နှုန်းကျော်သည် MSME များဖြစ်သည့်အတွက် လုပ်ငန်းများပိုမိုရှင်သန်လာစေရန် ချေးငွေရရှိရေး၊ ကုန်ကြမ်းရရှိရေးနှင့် လျှပ်စစ်မီးရရှိရေး လိုအပ်ချက်များကို မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အတက်နိုင်ဆုံး ဖြေလျှော့ပေးမှု၊ ဖြည့်ဆည်းပေးမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ MSME လုပ်ငန်းများသည် ပြည်သူလူထု ၏ အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်ခြင်းရှိခြင်းကြောင့် ရေရှည်တည်တံ့ခိုင်မြဲ စေရေးနှင့် လုပ်သာကိုင်သာရှိသည့် စီးပွားရေးဝန်းကျင်ကောင်းများ ဖြစ်ထွန်းလာစေရေး၊ ခောတ်ရေစီး ကြောင်းများအရ ဘက်စုံဖွံ့ဖြိုးတိုးတက်လာရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်းမှ ဆန်၊စားသုံးဆီ၊ ပဲအမျိုးမျိုးစသည့် စားသောက်ကုန်များနှင့် အဝတ်အထည်များ၊ အိမ်သုံး/လူသုံးကုန်များထွက်ရှိပြီး အဆိုပါထွက်ကုန် ပစ္စည်းများကို ဒေသတစ်ခုထွက်ကုန်တစ်ခု (One Region One Product) အစီအစဉ်ဖြင့် ဆောင်ရွက်သွားနိုင်ရေး အတွက်လည်း သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကာ စဉ်ဆက်မပြတ် ကူညီဆောင်ရွက်ပေးသွား မည် ဖြစ်ပါကြောင်း၊ စက်ရုံ၊အလုပ်ရုံ လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်းခွင် မတော်တဆအမှုများ မဖြစ်ပေါ်စေရေးအတွက် စည်းမျဉ်း၊စည်းကမ်းများ၊ အသိပညာဗဟုသုတများ၊ ဆောင်ရန်/ ရှောင်ရန် အချက်များစသည့်တို့ကို သိရှိလိုက်နာဆောင်ရွက်သွားကြရန်နှင့် သဘာဝပတ်ဝန်း ကျင် ထိခိုက်ပျက်စီးဆုံးရုံးမှု မဖြစ်ပေါ်စေရေးကို ဦးတည်၍ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အသိပညာများကို ဌာနဆိုင်ရာသုံးခုမှ ဦးဆောင်ဆွေးနွေးသွား မှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက တိုင်းဒေသကြီး အတွင်းရှိ အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းထုတ်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှိးလိုက်လံနှုတ်ဆက်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းထုတ်ကုန်များပြပွဲနှင့် ဈေးရောင်းပွဲတော်အား မုံရွာမြို့ ပြည်သူ့အားကစားအတွင်း နိုဝင်ဘာလ ၁၇ ရက်နေ့မှ နိုဝင်ဘာလ ၁၉ ရက်နေ့အထိ နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး ဈေးဆိုင်ခန်းပေါင်း ၄၀ ကျော်ဖြင့် တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၄ ဇုန်မှထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်း ထုတ်ကုန်ပစ္စည်းများ ပြသရောင်းချသွား မည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)