မြိတ်မြို့ သီတဂူဇီဝိတဒါန စက္ခုဒါန ဆေးရုံတော်ဖွင့်လှစ်၊ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများအား မျက်စိရောဂါဝေဒနာများအား အခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေး
Nov 17,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တပ်ပြင်ရပ် စပါးရွှေဝါလမ်းရှိ သီတဂူ ဇီဝိတဒါန,စက္ခုဒါန ဆေးရုံ တော်ကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ သီတဂူဆရာတော် ဦးဆောင်မှု ဖြင့် (၇)ရက်သားသမီး အလှူရှင်များ စုပေါင်းလှူဒါန်းငွေ ကျပ်သိန်းပေါင်း (၄၅၀၀)ကျော်နှင့် ဆေးရုံတော် အတွင်း တပ်ဆင်အသုံးပြုရန် သီတဂူဆရာတော်ကြီး လှူဒါန်းသည့် စက်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ(၁)သိန်းခွဲတို့ဖြင့် တည်ဆောက်တပ်ဆင်ပြီးစီးခဲ့သော မြိတ်မြို့ သီတဂူ ဇီဝိတဒါန,စက္ခုဒါန ဆေးရုံတော်ကို ယနေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ပြီး မျက်စိရောဂါဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိသည်။