နန်းယွန်း နိုဝင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ (၂၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ပြုလုပ် ကျင်းပသည်။
အခမ်းအနားကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူး ဦးနေမင်းသူက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာအား ဖတ်ကြားသည်။
ထိုနောက်နယ်စပ်ရေးရာဝန်ကြီးဌာန၊ လူငယ်သင်တန်းကျောင်းမှ ကျောင်းသူများက ပြည်ထောင်စုအင်အားသီးချင်းဖြင့် ကပြဖျော်ဖြေပေးသည်။ ယင်းနောက်(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်နှင့် (အလွတ်တန်း) စစ်ရတုရင်ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခဲ့သောဆုရရှိသူတို့အား ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဦးနေမင်းသူနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးအာကာတင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ ဥက္ကဋ္ဌ ဦးသိန်းချမ်းအောင် နှင့်အဖွဲ့များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ အပါအဝင် စုစုပေါင်း (၁၅၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟန်ကမ်း(နန်းယွန်း)