ကန့်ဘလူမြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

ကန့်ဘလူ နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အကျုံးဝင်သူပြည်သူများ မကျန်ရှိစေရေး ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆက်လက်ထိုးနှံပေး လျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုး၏ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ပထမအကြိမ် ၁ ဦး၊ ထပ်ဆောင်း ကာကွယ်ဆေး ၁၆ ဦးတို့ကိုထိုးနှံပေးခဲ့ပြီး ဆက်လက်၍ မွန်းလွဲ ၃ နာရီအထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အောင်ဝင်းငြိမ်း