ရသေ့တောင်မြို့နယ်ရုံးတွင် ဝန်ထမ်းများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရသေ့တောင်  နိုဝင်ဘာ  ၂၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်ရုံးတွင် ဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေး (ဒါဘာ)ကို ယနေ့နေ့လယ် ၁ နာရီအချိန်က  မြို့နယ်လူထုအခြေပြုဗဟိုဌာန ( Community Centre)ခန်းမတွင် ကျင်းပြုလုပ်ခဲ့သည်။

ရှေးဉီးစွာ ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးက ရုံးလုပ်ငန်းဆောင်ရွက်မှုများအား အပိုင်းသုံးပိုင်းခွဲ၍ ရှင်းလင်းပြောကြားခဲ့သည်။ ရုံးပိုင်းဆိုင်ရာတွင် ဝန်ထမ်းများအားလုံး ဝန်ထမ်းကျင့်ဝတ်ကို သိရှိလိုက်နာကြရန်၊ ရုံးချိန်မှန်ကန်ရေးကို အလေးထားကြရန်၊ ရုံးစာများကို စနစ်တကျ ဖိုင်တွဲထားရန်၊ လုပ်ငန်းအစီရင်ခံစာများကို သတ်မှတ်ချိန်အတွင်း အချိန်မှီပေးပို့ဆောင်ရွက်ကြရန်ပြောကြားပြီး စာကြည့်တိုက်ပိုင်းတွင် ဝန်ထမ်းအားလုံး စာကြည့်တိုက်ပိုင်းကို သိရှိနားလည်စေရန် စာကြည့် တိုက်စီမံလက်စွဲစာစောင်ကို လေ့လာထားကြရန်၊ ဒဿမသုံးနေရာကို ပြီးစီးရန်ဆောင်ရွက် ထားကြရန်နှင့်(Community Centre)လုပ်ငန်းဆောင်ရွက်မှုများကိုလည်းလျာထားချက်ပြည့်မှီ အောင်ဆောင်ရွက်ကြရန်၊ Mobile Library လုပ်ငန်းများကိုလည်း ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ကြရန်နှင့် ပြည်နယ်မှူး၏ညွှန်းကြားချက်များအား ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်အကောင်အထည်ဖော်ကြရန်၊ လိုအပ်ချက်များရှိပါကလည်း တင်ပြဆွေးနွေးကြရန် ဆွေး နွေးပြောကြားခဲ့သည်။

ထွန်းလင်းကျော်(ပြန်/ဆက်)