ပေါက်ခေါင်း နိုဝင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးသူမောင်က တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ညွှန်ကြားချက်များအား ပြန်လည်ရှင်းလင်းပြောကြားခြင်းနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးပြောကြားသည်။ ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ပြန်လည်ရှင်းလင်းပြောကြားရာတွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားများစွဲဆောင်နိုင်မည့်လုပ်ငန်းများ စီမံဆောင်ရွက်ရန်၊ MSME လုပ်ငန်းများ(၁)နှစ်အတွင်း အောင်မြင်အောင်ဆောင်ရွက်ရန်ညွှန်ကြားမှုအပေါ်တစ်မြို့နယ် One Produce ထွက်ပေါ်လာရေးဝိုင်းဝန်းဆောင်ရွက်ရန်၊ မိုးစပါးရိတ်သိမ်းမှုအခြေအနေများနှင့် ပန်းတိုင်အထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်ရန်၊ မိုးစပါးရိတ်သိမ်းပြီးချိန်တွင် နှစ်သီး/သုံးသီးစားစိုက်ပျိုးမှုတို့ကို သတ်မှတ်ရက်၊ သတ်မှတ်ကာလအတွင်း စိုက်ပျိုးနိုင်ရေးကြီးကြပ်ဆောင်ရွက်ရန်နှင့် နေကြာမျိုးစေ့များရရှိရေးရှာဖွေစုဆောင်းရန်၊ ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန် အခြေခံကောင်းများဖြစ်သည့် မြေနှင့်ရေကိုအကျိုးရှိစွာအသုံးချ၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်သွားရန်၊ မိမိတို့ဌာန၏သတင်းမှန်များကို သက်ဆိုင်ရာဝက်ဆိုဒ်များနှင့် Social Media များတွင် စဉ်ဆက်မပြတ်ထုန်ပြန်ပေးပြီး သတင်းတု၊ သတင်းမှားများကို လျင်မြန်စွာတုံ့ပြန်၊ ချေဖျက်ကန့်ကွက် ဖြေရှင်းမှုများကို အချိန်နှင့်တစ်ပြေးညီထုတ်ပြန်နိုင်ရေး အလေးထားဆောင်ရွက်သွားရန်စသည်ဖြင့် ဝန်ကြီးချုပ်၏လမ်းညွှန်ချက်များကို ပြန်လည်ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြေပြင်လူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းနှင့်ပက်သက်၍ စာရင်းကောက်ယူမှုအခြေအနေ၊ ကျေးရွာအရောက်ကွင်းဆင်းနိုင်ရေးကော်မတီဖွဲ့စည်းပြီးစီးမှု၊ ကျေးရွာအုပ်စုအလိုက်ကြီးကြပ်မှုကော်မတီ မြေပြင်ကွင်းဆင်းကောက်ခံမည့်အဖွဲ့ကိစ္စတို့နှင့်ပက်သက်၍ သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းပြောကြားခဲ့ပြီး ဌာနများမှလည်းပူးပေါင်းဆောင်ရွက်ကြပါရန် ဆွေးနွေးပြောကြားသည်။
ထို့နောက်တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက်လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွနွေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)