သတင်းများ

နည်းပညာတက္ကသိုလ်(မိတ္ထီလာ)တွင် မျိုးဆက်သစ်အင်ဂျင်နီယာ မောင်မယ်သစ်လွင်များအား  ကြိုဆိုပွဲအခမ်းအနားကျင်းပ
Nov 23,2022
မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ် နည်းပညာတတ္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် မျိုးဆက်သစ်အင်ဂျင်နီယာ မောင် မယ်သစ်လွင်များအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့မန်နေ့နံနက် ၁၀ နာရီအချိန် အဆိုပါတက္ကသိုလ်ရှိ  ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဘားအံခရိုင်  Community Centre  ခန်းမတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Nov 23,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြင်းမူမြို့နယ်တွင် ကွမ်းရွက်ဈေးမြင့်တက်လာ၍ ခြံပိုင်ရှင်များ ဝင်ငွေပိုမိုရရှိလာ
Nov 23,2022
ယခုရက်ပိုင်းအတွင်း ကွမ်းရွက်ဈေးမြင့်တက်လျက်ရှိရာ ကွမ်းခြံစိုက်ပျိုးလုပ်ကိုင်သူများ ဝင်ငွေပိုမိုရရှိလျက်ရှိကြောင်း၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ကွမ်းခြံစိုက်ပျိုးလုပ်ကိုင်သူများ ထံမှသိရှိရသည်။
မာန်အောင်မြို့နယ်၌ မြို့နယ်အဆင့်ကျောင်းပေါင်းစုံ သင်္ချာစွမ်းရည်နှင့် အင်္ဂလိပ်စာ စွမ်းရည် ပြိုင်ပွဲကျင်းပ
Nov 23,2022
ရခိုင်ပြည်နယ်၊မာန်အောင်မြို့နယ် တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ကျောင်းပေါင်းစုံအခြေခံပညာ အလယ် တန်း၊ မူလတန်းကျောင်းသား၊ ကျောင်းသူများ၏ စာပေထူးချွန်မှုဘက်စုံဖွံ့ ဖြိုးတိုးတက်စေရန်နှင့်ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများပေါ်ထွန်းလာစေရန် ရည်ရွယ်၍သင်္ချာစွမ်းရည်ပြိုင်ပွဲနှင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀နာရီက  အ.ထ.က(ခွဲ) စျေးတန်း ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကန့်ဘလူမြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ
Nov 23,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးနှံရန်အကျုံးဝင်သူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာ ၂၃ ရက်နံနက် ၉ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးလျက်ရှိသည်။
ဒလမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် ပြိုင်ပွဲများကျင်းပ
Nov 23,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ် ခဲ့သည်။
တံတားဦးမြို့နယ်တွင် မြို့နယ်ပြည်သူ့စာကြည့်တိုက် ( Community Centre )ခန်းမ၌  သစ်သီးဖြင့်အလှဆင်နည်းသင်တန်းကျင်းပ
Nov 23,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌  သစ်သီးဖြင့်အလှဆင်နည်းသင်တန်းကို ယနေ့နံနက်(၁၀) နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
ဓနုဖြူမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေး(Talk Show)ကျင်းပ
Nov 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး (Talk Show)ကို ယမန်နေ့ မွန်းလွဲ ၁:၃၀ အချိန်က Community Center ခန်းမတွင် ကျင်းပခဲ့သည်။